သပိတ်ကျင်းမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုမြေသြဇာများ ပေးအပ်

သပိတ်ကျင်း သြဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုမြေသြဇာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ် "ဗနွဲ" ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းချိုနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်မြင့်စိန်တို့က သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် "ဗနွဲ"ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား (၃၄)ဦးပိုင်ဆိုင်သည့် မိုးစပါးစိုက်ဧက (၁၂၅)ဧကအတွက် ပုလဲဓါတ်မြေသြဇာနှင့် စမ်းဝတီသဘာဝမြေသြဇာများကို အသင်းသားတောင်သူများ စိတ်ကြိုက်ဝယ်ယူပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)