သတင်းများ

တွံတေးမြို့နယ်၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Aug 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ မိနစ်၃၀ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာခန်းမ၌ကျင်းပသည်။
ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ မြန်မာနိုင်ငံမူးယစ်‌ ဆေးဝါးဆန့် ကျင်ရေးအသင်းမှမူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 06,2023
ချမ်းမြသာစည်မြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်း ဒေသကြီး)နှင့် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာတွင်  ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူ ပညာပေး သရုပ်ပြပွဲကျင်းပ
Aug 06,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၀) စက်မှုလယ်ယာစခန်းမှ ကွင်းအမှတ်(၄၉၈)၊ တောင်သူ ဦးဝင်းမြင့်၏ လယ်မြေသုံးဧကတွင် ယနေ့နံနက် ၉နာရီက ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပခဲ့သည်။
ပြည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်‌ ကောင်းမွန်ရေးပြုပြင် ထိန်းသိမ်း ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 06,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်‌ ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနယ်မြေအတွင်း ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ၆၆/၁၁ကေဗွီ ပြည်စက်မှုဇုန် ဓာတ်အားခွဲရုံ Main Transformer ၏ OLTC အားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို သြဂုတ်  ၅ ရက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဓာတ်အားခွဲရုံမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့် AGE Co.Ltd တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်း မှုကြောင့်  ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်
Aug 06,2023
 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန် - မော်လမြိုင်သွား ကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၄) နှင့် (၁၂၆/ ၅ )ကြား​ သကြားစက်လမ်းဆုံမှ စက်မှုသုံးအရက်ပျံစက်ရုံရှေ့ လမ်းမကြီးပေါ်တွင်ရေအကျယ်ပေ(၈၀၀) အနက် (၁၂)လက်မခန့် နှင့်ဒေါက်ရပ်ကျေးရွာ ရန်ကုန် - မော်လမြိုင် ကာလမ်းမိုင် တိုင်အမှတ်(၁၂၇/၇) နှင့် ( ၁၂၈/၀) အကြားကားလမ်းမပေါ် သို့ ရေအကျယ်ပေ (၅၀၀)၊ အနက် (၁၃) လက်မခန့်နှင့် မိုင်တိုင်အမှတ်
ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ၌ ကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီး (၁) ဦး သေဆုံး
Aug 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာဘေးရှိ ရေကန်အစပ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ကမ်းပါးယံ မြေစာပြိုကျမှုကြောင့် အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၂)ဦး မျောပါသွားခဲ့ရာ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ သန့်ရှင်းသာယာလှပစေရေး မြို့ဝင်ဂိတ်မှ မေယုလမ်းတစ်လျှောက်လမ်း ဘေးဝဲ/ယာနှင့် ကမ်းနားလမ်းတစ်လျှောက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Aug 05,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇) နာရီခွဲအချိန်က မောင်တော- ဘူးသီးတောင်သွားရာကားလမ်း မြို့ဝင်ဂိတ်မှ မေယုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Aug 05,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ နယ် ရွာမကျေးရွာတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။