မိုင်းဖြတ် သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ တင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဟိုနားကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝက်မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ တင်ကိုကို၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့သည် ဟိုနားကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အစုအဖွဲ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာရှိ ဦးအောင်သူ၏ ဝက်မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သတ်မှတ် ဝက်ကောင်ရေအလိုက် စနစ်တကျ မွေးမြူထားခြင်း ရှိ/မ ရှိ၊ ဇီဝလုံခြုံရေးအတွက် ဆွေးနွေးခြင်းနှင့် ခြံဖျန်းပိုးသတ်ဆေးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အစုအဖွဲ့ဖြင့် ဝက်မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ (၂၅)ဦးက ဝက်ကောင်ရေ (၃၅၀)ကောင် တိုးချဲ့မွေးမြူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)