သတင်းများ

ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မူလွန်မြို့မတောင်နှင့် (အ.မ.က) မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်များတွင် ထိုးနှံပေးကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဆောင်မှုဖြင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဖက်သောင်ကျေးရွာအုပ်စု၊‌ ဖက်သောင်ကျေးရွာကွင်းအမှတ် (၁၈၄၂ /ခ )၊ ဦးပိုင်အမှတ် ၅၄/၂ ရှိတောင်သူ ဦးရွှေထူး၏ လယ်‌မြေ (၁၀) ဧကတွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီကပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့
Aug 06,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက  တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။           
ကညင်ချောင်းရေတိုက်စားပြီး ချောင်းကမ်းပါးပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၁)လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်၊ သဖန်းရပ်တွင် ယမန်နေ့ညနေပိုင်းက ကညင်ချောင်းရေမြင့်တက်၍ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးပြိုကျပျက်စီးခဲ့သော လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စု‌ပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 06,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စု‌ပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒေသခံတိုင်းရင်းသူများ တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိရေး အဋ္ဌမကြိမ်မြောက် ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်း (အခမဲ့) ဖွင့်လှစ်
Aug 06,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ အဋ္ဌမကြိမ်မြောက် ပန်းအလှဆင်/ပန်းအလှပြင် (အခမဲ့)သင်တန်းကို လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။
မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကင်းဆိပ်ကျေးရွာအုပ်စု၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံ
Aug 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ပူးပေါင်းအဖွဲ့သည် သြဂုတ် ၄ ရက်နေ့ နေ့လယ်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် ကင်းဆိပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။