သတင်းများ

ကဝမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Aug 06,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကဝမြို့နယ်တွင်ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ကဝမြို့နယ် စည်ပင်သာယာဈေးကြီးအတွင်း ကိုယ်တိုင်စိုက်ပျိုး/မွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်ပြီး ရောင်းချပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲ ကျင်းပ
Aug 06,2023
မြန်မာ့အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်ဖွံဖြိုးရေးအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အမြို့မြို့အနယ်နယ်တွင် ခရိုင်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပျက် ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂း၀၀)အချိန်က မူဆယ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲများကျင်းပ
Aug 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(ပန်းတနော်)အား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေး ကျင်းပ
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(ပန်းတနော်) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါလူထုအခြေပြုဗဟိုဌာန ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် မြစ်ကမ်းအနီးရှိနေအိမ်များ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မာယူချောင်းဖျားကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား(၆၀)ပေ၊ အနံ(၁၅)ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကမ်းအနီးရှိနေအိမ်များဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခြင်းများ‌ ဆောင်ရွက်ခဲ့သည်။
မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုများစုပေါင်း၍ ယမန်နေ့နံနက် ၄း၀၀ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေ့ဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူခဲ့ကြသည်။
ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မူလွန်မြို့မတောင်နှင့် (အ.မ.က) မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်များတွင် ထိုးနှံပေးကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဆောင်မှုဖြင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပသည်။