မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် ပထမအကြိမ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်အားပေး

ရေနံချောင်း ဩဂုတ် ၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမအကြိမ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကာယကြံ့ခိုင်မှုမယ် ဗိုလ်လုပွဲကျင်းပခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ကာယဗလမောင် ဗိုလ်လုပွဲကျင်းပခြင်း၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ရှိချန်ပီယံ အလေးမသရုပ်ပြသမှုနှင့် ကာယဗလမောင် သရုပ်ပြသမှု အစီအစဉ်များဖြင့်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားအဖွဲ့နာယက ဥက္ကဋ္ဌဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ ကာယဗလမောင်ပြိုင်ပွဲတွင် မေဂျာပေါင်းစုံမှ ကျောင်းသား ၁၀ ဦးနှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် မေဂျာပေါင်းစုံမှ ကျောင်းသူ ၁၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယဗလ မောင်ပြိုင်ပွဲတွင် ပထမဆုကို သင်္ချာမေဂျာမှ ခါးနံပါတ်(၈) မောင်ဓနလှိုင်နှင့် ဒုတိယဆုကို ခါးနံပါတ်(၁) မောင်ရန်အောင်ခိုင်နှင့် တတိယဆုရရှိသည့် ဓာတုဗေဒမေဂျာမှ ခါးနံပါတ်(၄) မောင်ကောင်းဆက်နိုင်တို့အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်ကလည်းကောင်း၊ အထူးဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြန်မာစာမေဂျာမှ ခါးနံပါတ်(၁၁) မသဲဆုမြတ်နိုး၊ ဒုတိယဆုရရှိသည့် ရုက္ခဗေဒမေဂျာမှ ခါးနံပါတ်(၉) မဇင်နန်းဦးနှင့် တတိယဆုရရှိသည့် ပထဝီဝင်မေဂျာမှ ခါးနံပါတ်(၃) မအေးအေငြိမ်းတို့အား တိုင်းဒေသကြီးအားကစားအဖွဲ့ နာယကဥက္ကဋ္ဌဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ အထူးဆုရရှိသူများအား ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေနံချောင်းတက္ကသိုလ် ပထမအကြိမ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲတွင် တေးသီးချင်း၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် မကွေးတိုင်းဒေသကြီး လက်ရှိချန်ပီယံအလေးမသရုပ်ပြမှုနှင့် ကာယဗလမောင် သရုပ်ပြမှုတွင် ပါဝင်သူများကို ဂုဏ်ပြုဆုချီးမြှင့်ငွေများနှင့် ပြိုင်ပွဲတွင် ဒိုင်အဖြစ်ပါဝင်ခဲ့ကြသူများအား လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)