သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရေတော်မိုးတော် ဆင်းသုခမျိုး၊ စိုက်ခင်းစိုက်ပျိုးခြင်းနှင့် မြို့နယ်ထွန်တုံးပိတ်ပွဲ အခမ်းအနားကျင်းပ
Aug 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာကွင်းအမှတ် ( ၁၈၆ C)၊ ဦးပိုင်အမှတ် ၉/စ ရှိတောင်သူ ဦးစန်းဦး၏ လယ်မြေ (၂) ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရေတော်မိုးတော် ဆင်းသုခမျိုး၊ စိုက်ခင်းစိုက်ပျိုးခြင်းနှင့် မြို့နယ်ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန် ကကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူပွဲ တက်ရောက်
Aug 07,2023
ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဖက်မုခ်အနီးရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။
ဘားအံ-လှိုင်းဘွဲ မော်တော်ကားလမ်းပေါ်တွင် ပြိုလဲကျနေသော ညောင်ပင်အားဖယ်ရှားရှင်းလင်း
Aug 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ၊ ဘားအံ-လှိုင်းဘွဲ မော်တော်ကားလမ်းမကြီးပေါ်သို့ လုံးပတ် (၁၀)ပေ၊ အမြင့်(၃၀)ပေခန့်ရှိသည့် ညောင်ပင်မှာ မိုးရွာသွန်းမှုများပြီး မြေပျော့ကာ အမြစ်မခိုင်၍ လမ်းမပေါ်သို့ ယမန်နေ့နံနက် (၁၁)နာရီခန့် အချိန်တွင်ပြိုလဲကျနေကြောင်း ထီလုံကျေးရွာအုပ်ချုပ်ရေးမှူးက လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးထံ သတင်းပေးပို့ခဲ့သည်။
Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Aug 07,2023
အမှတ်ပေးဘောလုံးပြိုင်ပွဲမှတစ်ဆင့် သက်တမ်းအလိုက်၊ မြို့နယ်အဆင့်ခရိုင်အဆင့်၊ တိုင်း‌ဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဘီးလင်းမြိုနယ် မင်္ဂလာဈေးရှေ့ရှိ ကုက္ကိုပင်ပြိုလဲမှုကြောင့် စျေးဆိုင်ခန်း(၃၂)ခန်းပျက်စီး
Aug 07,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ဘိုးရာဇာရပ်ကွက်၊ အနောက်မင်္ဂလာလမ်း၊ မင်္ဂလာဈေးရှေ့ရှိ လုံးပတ် ၂၀ ပေ၊ အရှည် ၈၀ ပေခန့်ရှိ ကုက္ကိုပင်မှာ မြေသားပွကာ အမြစ်မှလန်၍ မင်္ဂလာဈေး ဆိုင်ခန်းများပေါ်သို့ပြိုလဲမှု ဖြစ်ပွားခဲ့သည်။ ကုက္ကိုပင်ပြိုလဲမှုကြောင့် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်း ၃၂ ခန်း ပျက်စီးခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ် ၉၈ သိန်းခန့် ရှုံးဆုံးမှုဖြစ်ပွားခဲ့​ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် 100 MW (Gas Engine + Solar Hybrid)ဓါတ်အားပေးစက်ရုံစီမံကိန်း ကြည့်ရှုစစ်ဆေး
Aug 07,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် 100 MW (Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မျိုးစပါးစိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှု
Aug 07,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်၊ ဦးယျာဉ်ခြံသီးနှံညွှန်ကြားရေးမှူးဦးမျိုးဇော်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသီင်္ဂီနှင့် စစ်တွေခရိုင် ဦးစီးမှူးဦးအေးထွန်းတို့သည် ယနေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့သို့ ရောက်ရှိပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မစဖအဖွဲ့ဝင်များ စိုက်ပျိုးကြီးကြပ်ရေး ကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။
ဆည်ရေသောက်စနစ် ဆည်ရေအသုံးချသူများအဖွဲ့နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 07,2023
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဆည်မြောင်းစခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ဇောင်းတူ၊ မဇင်း၊ ဇလက်ထော်၊ အလိုင်နီ၊ ရွှေပြည်-၃ ရေလှောင်တမံများမှ ဆည်ရေသောက်စနစ်များမှ ရေအသုံးချသူများအဖွဲ့နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု လစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) ရေစီမံခန့်ခွဲရေးဌာနစိတ်မှ တာဝန်ရှိသူများ အသိပညာပေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။