မြိတ်မြို့တွင် စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်
Aug 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာ ကူညီပေးနိုင်စေရန်အတွက် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့ နံနက်(၁၀)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။