ကျိုက်မရောမြို့နယ်၌ ဓာတ်မြေသြဇာ ၉၉၉ အိတ် ပထမအကြိမ်ဖြန့်ဖြူးပေး
Aug 08,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ် စိုက်ပျိုးရေးကဏ္ဍာများတွင် လုပ်ကိုင်နေသည့် တောင်သူဦးကြီးများ အဆင်ပြေစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီက ကျေးရွာ ၃၁ ရွာမှ တောင်သူ ၃၂၃ ဦးအား ယူးရီးယားဓာတ်မြေသြဇာ ၆၆၆ အိတ်နှင့် ရွှေဇီဝသဘာဝမြေသြဇာ ၃၃၃ အိတ် စုစုပေါင်း ၉၉၉ အိတ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြေသြဇာသိုလှောင်ရုံ၌ ပထမအကြိမ် စျေးနှုန်းချိုသာစွာဖြင့် စတင်ဖြန့်ဖြူးပေးခဲ့သည်။