ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရေတော်မိုးတော် ဆင်းသုခမျိုး၊ စိုက်ခင်းစိုက်ပျိုးခြင်းနှင့် မြို့နယ်ထွန်တုံးပိတ်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာကွင်းအမှတ် ( ၁၈၆ C)၊ ဦးပိုင်အမှတ် ၉/စ ရှိတောင်သူ ဦးစန်းဦး၏ လယ်မြေ (၂) ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရေတော်မိုးတော် ဆင်းသုခမျိုး၊ စိုက်ခင်းစိုက်ပျိုးခြင်းနှင့် မြို့နယ်ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန် ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးဝင်းစိုးနှင့် တာဝန်ရှိသူများက တက်ရောက် ကြည့်ရှုအားပေးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးသိန်းနိုင်စိုးက ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ် အနေဖြင့် ၂၀၂၃ခုနှစ် မိုးစပါး စိုက်ပျိုးလျာထားဧက (၁၄၃၉၆၀)ဧက ထားရှိရာ ယနေ့အထိ (၁၃၁၂၂၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ကျန်ရှိနေသော ဧက(၁၂၃၇၅)မှာ ရေကြီးရေနက်ကွင်းများရှိ ရေကျနောက်စိုက်များ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)