ရသေ့တောင် ဩဂုတ် ၆
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်၊ ဦးယျာဉ်ခြံသီးနှံညွှန်ကြားရေးမှူးဦးမျိုးဇော်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသီင်္ဂီနှင့် စစ်တွေခရိုင် ဦးစီးမှူးဦးအေးထွန်းတို့သည် ယနေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့သို့ ရောက်ရှိပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မစဖအဖွဲ့ဝင်များ စိုက်ပျိုးကြီးကြပ်ရေး ကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်နှင့်အဖွဲ့သည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် ၄၀၆၊ တောင်သူ ဦးဦးထွန်းသိန်း၏ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧက ၁၀ တွင် မိုခါထောက်ပံ့စပါး GW-11 စံပြကွက်စပါးပျိုးထောင် စိုက်ပျိုးနေမှုများနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီးတောင်သူများ အနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအား အောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ ပြီးမြို့နယ်ဦးစီးအရာရှိရုံးရှိ ဝန်ထမ်းများအား သြဝါဒလမ်းညွှန်မှုများပေးအပ်ခဲ့ပြီး စားသောက်ကုန်ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရသေ့တောင်(ပြန်/ဆက်)