လှိုင်းဘွဲ သြဂုတ် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ၊ ဘားအံ-လှိုင်းဘွဲ မော်တော်ကားလမ်းမကြီးပေါ်သို့ လုံးပတ် (၁၀)ပေ၊ အမြင့်(၃၀)ပေခန့်ရှိသည့် ညောင်ပင်မှာ မိုးရွာသွန်းမှုများပြီး မြေပျော့ကာ အမြစ်မခိုင်၍ လမ်းမပေါ်သို့ ယမန်နေ့နံနက် (၁၁)နာရီခန့် အချိန်တွင်ပြိုလဲကျနေကြောင်း ထီလုံကျေးရွာအုပ်ချုပ်ရေးမှူးက လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးထံ သတင်းပေးပို့ခဲ့သည်။
အဆိုပါ ညောင်ပင်ပြိုလဲကြောင်း သတင်းရရှိသည်နှင့် ထီလုံကျေးရွာအနီးရှိ အမှတ်(၂၀၃)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများ၊ ထီလုံနယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ် မီးသတ်စခန်းနှင့် ထီလုံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ညောင်ပင်အားဖယ်ရှားလင်းလင်းပေးခဲ့ရာ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်းနှင့် ညောင်ပင်ပြိုလဲခြင်းကြောင့် မော်တော်ကားလမ်းပေါ်တွင် ဖြတ်သန်း သွားလာနေကြသော မော်တော်ယာဉ်နှင့်လူများ၊ နေအိမ်များထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)