သတင်းများ

တာလေမြို့၌ ခရီးသွားပြည်သူများ ခရီးသွားထောက်ခံချက်ပါ မပါ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင် ကောက် ယူခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းနှင့် Mask တပ်ဆင်သွားလာ ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့၌ ခရီးသွား ပြည်သူ များအား ခရီးသွားထောက်ခံချက် ပါ မပါ စစ်ဆေးခြင်း ၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်းနှင့် Mask တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို တာလေတံတားထိပ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှင့်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ပူးပေါင်း အဖွဲ့ဖြင့်နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ရန်အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်
Sep 14,2020
ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့် ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။
ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် စက်တင်ဘာလ(၆)ရက်မှစတင်၍ မြို့နယ်အတွင်း ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အသွားအလာစစ်ဆေးခြင်း၊ နေရပ်ပြန်သူ ခရီးသွားများ အား ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းများအပြင် လိုအပ်ပါ က Home Quarantine နှင့် Faciliity Quarantine စောင့်ကြည့်ရေးစင်တာတို့တွင် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထားရှိခြင်း၊ အပြင်ထွက်ရှိတိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင် သွားလာ ကြရေးအတွက် အလေးထား၍ အရှိန်အဟုန်မြှင့်ကာ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
မြို့လှ၌ ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့​ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား တစ်ဦးလျှင်ထောက်ပံ့​ငွေကျပ် (၃၀၀၀ဝိ/)နှုန်းဖြင့်် ထောက်ပံ့ပေးအပ်ခြင်းကို ယ နေ့ နံနက် ၁၁ နာရီတွင် ကိုယ်ဝန်ဆောင် များ၏ နေအိမ်သို့အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီး သီးမှ ပြန်ရောက်လာသူ ၁၁ ဦးကို ကိုဗစ်- ၁၉ ရောဂါ လက္ခဏာ စောင့်ကြည်နိုင်ရန် Quarantine Centre ၌ ၁၄ ရက်ထားရှိ
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်တွင်းတွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာ သူများကို ရောဂါပိုးများ ပါရှိလာခြင်းရှိမရှိ ၁၄ ရက်စောင့်ကြည့် နိုင်ရန်အတွက် ဖောင်းပြင်မြို့ အ-ထ-က ကျောင်း၌ သီးခြားစောင့်ကြည့်ရေးစင်တာကို ဖွင့်လှစ်ထားရှိသည်။
ပွင့်ဖြူ - ညောင်ပင်ရွာကျေးရွာလမ်းပေါ်ရှိ ရေကျော်ချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး
Sep 14,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နှင့် ညောင်ပင်ကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ Main Budget ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး သွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လပွတ္တာ၌ ခရိုင်အဆင့် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 14,2020
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီ အချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်ငူတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားရှိ
Sep 14,2020
တောင်ငူ၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တောင်ငူ ခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နဲ့ ပြသထားကြောင်း သိရသည်။