သတင်းများ

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 08,2023
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ဝကျေးရွာအုပ်စု၊ နတ်စဉ်ဝရွာမ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲခန့်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းနှင့် နတ်စဉ်ဝ၊ နတ်စဉ်ကျောင်းစု၊ ကြံခင်းစု၊ ကြံခင်းပန်းဘဲစုနှင့် ထိန်ကျွန်းကျေးရွာအုပ်စုများတွင်နေထိုင်သော ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ပေါင်မြို့နယ်တွင်လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်စီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်
Aug 08,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်စီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံကကျေးရွာ ရန်ကင်း‌ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် နေအိမ် (၁) လုံးမီးလောင်မှုဖြစ်ပွား ငွေကျပ် (၄၅၀၀၀၀)ခန့် ဆုံးရှံးမှုရှိ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်တဲသဲလမ်း တွင် ဩဂုတ်လ ၇ ရက် နံနက် (၉) နာရီ မိနစ် (၃၀) ခန့်က အိမ်ပိုင်ရှင် ဦးလှိုင်မြင့်ကို (ဘ) ဦမြလှိုင် (၁၄/ မမက(နိုင်) ၀၀၂၅၁၉ ဗမာ/ဗုဒ္ဓ၏နေအိမ်တွင် ခြင်ဆေးခွေထွန်းထားခဲ့ရာမှ အနီးရှိမွေ့ယာနှင့် စောင်များသို့ မီးကူးစက်လောင်းကျွမ်းရာမှတဆင့် အလျား (၆၀)ပေ ၊ အနံ (၂၀)ပေ၊ သွပ်မိုး၊ ပျဥ်းကာ၊ ပျဥ်းခင်း (၂) ထပ် နေအိမ်၏ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၄၅၀၀၀၀) လေးသိန်းငါးသောင်းခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်လဲကျေးရွာ၌ ရေဆင်းစပ်မျိုး (၁) မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လဲကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့်ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်းစပ်မျိုး (၁) မိုးနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မိုးစပါးဧက (၁၀၀) ၊ တင်း (၁၀၀) နှင့် မျိုးသန့်မျိုးထုတ် စိုက်ခင်းများအတွက် ဓာတ်မြေဩဇာပက်ကြဲခြင်းနှင့် ဓာတ်မြေသြဇာပေး အပ်ပွဲအခမ်းအနားကျင်းပ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ တောင်သူ ဦးတင်အောင်သန်း၏ မြေနေရာ၌ မိုးစပါးဧက(၁၀၀)၊ တင်း (၁၀၀) နှင့် မျိုးသန့်မျိုးထုတ် စိုက်ခင်းများအတွက် ဓာတ်မြေသြဇာပက်ကြဲခြင်းနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ် ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီရှိ ပြည်သူ ၈၃ ဦးတို့၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေး
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းကို ယမန်နေ့က ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီ၌ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအလယ်ကျောင်းခွဲတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။