သတင်းများ

သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအလယ်ကျောင်းခွဲတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် လောင်ခွန်ကျေးရွာ အုပ်စုတွင်တောင်သူ နည်းပညာပေး ဆွေးနွေးပွဲပြု လုပ်ဆောင်ရွက်
Aug 08,2023
မိုးသီးနှံများစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ် များရရှိစေရန်၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီ ဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀နာရီက
နမ္မတူမြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိ‌ရေးအတွက် တောင်သူလယ်သမားများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်‌ရေး၊ တောင်သူများဝင်ငွေတိုးတက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်၏လယ်ယာကဏ္ဍတိုးတက်လာစေရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်ချိုမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ပြည်ထောင်စု/ပြည်နယ်) ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီး မြှုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များ ရေးဆွဲညှိနှိုင်းအစည်းဝေး
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ပြည်ထောင်စု/ပြည်နယ်) ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များ ရေးဆွဲညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၁၀:၃၀အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲကျင်းပ
Aug 08,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသောပညာရေးဌာနမှ အငြိမ်းစား ဆရာကြီးဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ပထမအကြိမ်
တနိုင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်း
Aug 08,2023
ကချင်ပြည်နယ် တနိုင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကလေးကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တောကားလမ်းမကြီး၌ တောင်မြေပြိုကျမှုကြောင်း လမ်းပိတ်နေခြင်းအား ဖယ်ရှားဆောင်ရွက်
Aug 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေပိုင်းက ဘူးသီးတောင်-မောင်တောသွားရာကားလမ်း မိုင်တိုင်အမှတ် ၃၅/ ၃၆ ကြားတွင် တောင်မြေပြိုကျသဖြင့် ကားလမ်းတစ်ခြမ်းပိတ်လျက်ရှိကြောင်း သိရသည်။