ကံပိုက်တည်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ (KG) ကျောင်းသားကျောင်းသူများအား အာဟာရဖြစ်ဖွယ် မုန့်နှင့် အချိုရည်များ တိုက်ကျွေး

ကံပိုက်တည်   ဩဂုတ် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုက်တည်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် (KG) ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် (၁၀) နာရီက အာဟာရဖြစ်ဖွယ် မုန့်နှင့် အချိုရည်များကို အလှူရှင်များစုပေါင်း၍ ကျွေး‌မွေးခဲ့ကြသည်။

ထိုသို့ ကျွေးမွေးရာတွင် အလှူရှင်များဖြစ်သည့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင့်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက (KG) ကျောင်းသား/ကျောင်းသူ (၂၅) ဦးတို့အား အာဟာရဖြစ်ဖွယ်ပဲပေါင်မုန့်နှင့် ပဲနို့များ တိုက်ကျွေးခဲ့ကြသည်။

ကံပိုက်တည်(ပြန်/ဆက်)