ဘိုကလေး ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်း ကျေးရွာရှိ တောင်သူဦးစံသောင်း၏ ကွင်းအမှတ်(၆၇၀)၊ ဦးပိုင်အမှတ်(၇၂)၊ (၇.၈)ဧကရှိ လယ်ယာမြေကွက်တွင် ယနေ့နံနက် (၈)နာရီခွဲ အချိန်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ထွန်တုံးပိတ်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်းနှင့် ယခုနှစ် မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သည့် မိုးစပါး ရေတော်မိုးတော်စိုက်ခင်း (၂၅၄၅၆၇)ဧကအား ထွန်တုံးပိတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)