တောင်တွင်းကြီး၌ အခြောက်ထယ်ရေးဖြင့် မိုးစပါးများစတင်ကြဲပက်စိုက်ပျိုး
Jun 14,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးများရွာသွန်းပြီဖြစ်၍ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသည် အခြောက်ထယ်ရေးဖြင့် စပါးများကြဲပက်နေကြပြီဖြစ်သည့် တောင်သူများ အနေဖြင့် ထယ်ရေးစတင်ဆောင်ရွက်ချိန်တွင် ထွန်စက်မောင်းခမှာ တစ်ဧကလျှင် ၁၈၀၀၀ကျပ်အထိ မြှင့်တက် သွားခဲ့ပြီး ထယ်ရေးတစ်စပ် ဓါးစပ်ထွန်တစ်စပ် မောင်းကြရသည့်အတွက် တစ်ဧကလျှင် စက်မောင်းခ ငွေကျပ်၃၆၀၀၀ ကန်သင်းပေါက်နေ့စားခမှာတစ်ဦးလျှင် ၆၀၀၀ကျပ်နှုန်းပေးရသဖြင့် လယ်ဧကအနည်း အများအပေါ်မူတည်၍ ကုန်ကျမှုများရှိကာ မိုးစပါးကြဲပက်သူကိုနေ့စားခ ၆၀၀၀ကျပ် ဖြင့် ထပ်မံငှားရ ကြောင်းသိရသည်။