သတင်းများ

မြင်းခြံမြို့တွင် ညမထွက်အမိန့် ကြေညာ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ညမထွက်အမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ (၁၀၆)ဦး ခန့်အပ်သွားမည်
Sep 15,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၀၆)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ်ထပ်တိုးဖွင့်လှစ်
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အစည်းအဝေးတစ်ရပ်ကို ယနေ့နေ့လယ် (၁)နာရီ ကပြုလုပ်ခဲ့ပြီး ကျောက်ကြီးမြို့နယ် သောင်လယ်ကျေးရွာအုပ်စု၊ သံလျှက် စွန်းကူးတို့ဆိပ်နှင့် တောပုကျေးရွာအုပ်စု ကျောက်ကြီး ဘက်ကျေးရွာ
မင်္ဂလာဒုံမြို့နယ်၌ စက်ရုံအလုပ်သမားများအား ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန် မြှင့်ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့်မြို့ ဖြစ်သည့်အတွက် မြို့နယ်အတွင်း ရောဂါဆက်လက် မပြန့်ပွားစေရန်နှင့် ထိန်းချုပ်၊ ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာများနှင့် ပရဟိတ ဂေဟာများအား ထောက်ပံငွေပေးအပ်
Sep 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးချိန်တွင် လူမှုဘဝတိုးတက် မြင့်မားရေးအတွက် မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများတွင် မှီခိုနေထိုင်သည့် အဘိုးအဘွားများအား ထောက်ပံငွေ ပေးအပ်ပွဲကို မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီကကျင်းပသည်။
မတ္တရာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Mask Campaign ပြုလုပ်
Sep 14,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြို တင်ကာကွယ်နိုင်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပျံကျစျေးတွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးသန့်စင်ခ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်
Sep 14,2020
နွားထိုးကြီးမြို့၊စိုက်ပျိုးရေးဦးစီးဌာန မြို့မ-KCစင်တာတွင် ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုစပါးမျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်သည့် တောင်သူ ၉ ဦး တို့အား မျိုးကွဲပယ်စရိတ်နှင့်မျိုးသန့်စင်ခ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့၊နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။