ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာ၌ (အ.လ.က-ခွဲ)"ဖုန်ကျန်းခ"ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် ဩဂုတ် ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဖုန်အင်ယာန်အုပ်စု၊ ဖုန်ကျန်းကျေးရွာ၌ (အ.လ.က-ခွဲ) "ဖုန်ကျန်းခ" ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဖုန်ကျန်း (အ.လ.က-ခွဲ) ကျောင်းမှ ကျောင်းသူများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ဆွမ်ပရာဘွမ်မြို့နယ် ပညာရေးမှူး ဒေါ်သီတာဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များက ကျေးဇူးတင်စကား အသီးသီးပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ "ဖုန်ကျန်းခ" ကျောင်းဆောင်သစ်ကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေကျပ် သန်း(၆၉.၈၄၇၅)ဖြင့် (၁)ထပ် (Steel Structure) (၈၀"၃၀") ပတ်လည်ကို နှင်းဧကရီစံကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဆွမ်ပရာဘွမ်မြို့နယ် ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)