တောင်ကြီး သြဂုတ် ၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ကန်းကျွန်း စံပြပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများ၏ ဒေသခံပြည်သူများအား အထူးကုဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ပါမောက္ခ အထူးကုဆရာဝန်ကြီးများမှ လက်ခံရယူပြီး စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခအထူးကုဆရာဝန်ကြီးများမှ နှလုံးရောဂါဆိုင်ရာများ ကုသပေးခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကုသပေးခြင်း၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုပေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသပေးခြင်း၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ကုသပေးခြင်း၊ သွေးရောဂါဆိုင်ရာနှင့် အထွေထွေရောဂါများ ကုသပေးကြပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံမှ အထူးကုဆရာဝန်ကြီးများကလည်း သားဖွားမီးယပ်ရောဂါကုသပေးခြင်း၊ ကလေးလူနာရောဂါကုသပေးခြင်း၊ ခွဲစိတ်မှုများ၊ အရိုး၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားရောဂါ၊ မျက်စိ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးရောဂါများအား စမ်းသပ်၊ ကုသပ်ပေးကြကြောင်း သိရသည်။
အဆိုပါ စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခအထူးကု ဆရာဝန်ကြီးများမှ အထူးကုဆေးကုသပေးမှုတွင် ၂၀၂၃ ခုနှစ် သြဂုတ် (၅) ရက်နေ့တွင် ဒေသခံပြည်သူများ ဆေးလာရောက်ကုသမှု (၂၃၀) ဦး၊ သြဂုတ် (၆) ရက်နေ့တွင် (၁၂၀) ဦးလာရောက် ကုသမှုခံယူကြကြောင်းနှင့် (၂) ရက်သာ စမ်းသပ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)