နိုင်ငံဝန်ထမ်းများနှင့်မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်း ဆက်လက်ဆောင်ရွက်
Aug 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်အတွက် ပြည်သူလူထုတစ်ဦးချင်းဆီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၊ အစည်းအဝေးခန်းမတွင် ဆက်လက်ကောက်ယူရန် ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို ကောက်ယူလျက်ရှိပါသည်။