မြောက်ဦးမြို့ အ.ထ.က-(ခွဲ)လ-၃ ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Aug 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆိုပြုမူတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က(ခွဲ)လ(၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။