သတင်းများ

မချမ်းဘောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ငါးမွေးမြူရေး သားငါးထုတ်လုပ်မှု သမဝါမအသင်းသို့ထပ်တိုး ရင်းနှီးထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) နှင့် ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ် သမဝါယမဦးစီးဌာနနှင့်ငါးလုပ်ငန်းဦးစီးဌာနတို့မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ်ခမ်ကျေးရွာ ငါးမွေးမြူရေး သားငါးထုတ်လုပ်မှု သမဝါမအသင်းသို့ ထပ်တိုးရင်းနှီးထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) နှင့် ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည် သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 26,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ယာဉ်မတော်တဆမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုမဖြစ်စေရေးအတွက် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၌ နဂါးရုံဘုရားပြိုကျ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Aug 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ၁ဝ နာရီခွဲခန့်က (၁၆) ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေး ဘူတာရုံနှင့် မြို့ဦးစေတီအနီး၊ ဘူတာရုံကျောင်းတိုက်ဝန်းအတွင်းရှိ တည်ဆဲနဂါးရုံဘုရားပြိုကျရာမှ လူတစ်ဦး ပိမိမှုဖြစ်ပွားခဲ့သည်။
အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းလိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများစျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 26,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေး လိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အောက်ရွာကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများ မြန်အောင်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 25,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊ ကျွဲဇင်းကျေးရွာအုပ်စုရှိ ကညင်ဆည်သို့ရောက်ရှိပြီး သယံဇာတဝန်ကြီး ဦးအုန်းမြင့်တို့အဖွဲ့နှင့် ကညင်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Basic Design များ ပြင်ဆင်ရေးဆွဲရန် မုဒုံမောင်မောင် ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော Dongfang Electric International Corporation မှ နိုင်ငံခြားသား အင်ဂျင်နီယာ(၄)ဦးတို့နှင့်အတူ ကညင်ဆည် ရေအားလျှပ်စစ်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခဲ့သည်။
တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်
Aug 25,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်တွင် ဆောင်ရွက်ခဲ့ကြသည်။
တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်
Aug 25,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာကျောင်းများအခြေပြု ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေနံနက်(၁၀)နာရီက အ.ထ.က ၊ တံတားဦးကျောင်း၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 25,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းနှင့် ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။