သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရေလိန်ကျေးရွာရှိ ဧကရာဇ်ဆန်စက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်
Aug 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် တိရစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး ဟိုပုံးမြို့မြို့မရေလွှဲဆည်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှု
Aug 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မရေလွှဲဆည်တွင် ဆည်အတွင်း ရေညှိရေမော်များဆယ်ယူ၍ ဆည်သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လားရှိုးမြို့နယ်တွင် မန်နားကျေးရွာတွင် ပန်းခင်းစီမံချက်အဖြစ် ပြည်သူများအား မှတ်ပုံတင်ကွင်းဆင်းဆောင်ရွက်ပေး
Aug 26,2023
ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက လားရှိုးမြို့ ၊ မန်နားကျေးရွာ၊ ဟုမ်းခမ်းလီခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
ဘားအံမြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 26,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံ မြို့နယ်၊ အ-ထ-က-(ခွဲ-၃)ကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Aug 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ကညနေပိုင်းက မြို့နယ်အားကစားကွင်း(ပေါက်ချောင်း)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ရေးလုပ်ငန်းဆောင်ရွက်
Aug 26,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းသို့ သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့်အား ကစားပစ္စည်းများ လှူဒါန်း
Aug 26,2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အာင် လေ့ကျင့်သင်ကြားသင်ယူကြရန် မှာကြားသည်။‌