သုံးခွမြို့နယ် မင်းရွာကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကျင်းပ
Sep 10,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်သုံးခွမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက '"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်မင်းရွာကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်းပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။