သတင်းများ

မန္တလေးမြို့၊ အိုးဘိုရွှေကျင်ရပ်တွင် နစ်စဉ်ကျင်းပသည့် အိုးပုတ်ပွဲသို့ လာရောက်သူများနှင့် စည်ကား
Aug 25,2023
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို-ရွှေကျင်ရပ်တွင် ဝါခေါင်လဆန်း ၈ ရက်နေ့တိုင်း နှစ်စဉ်တစ်ရက်တည်းသာ ကျင်းပလေ့ရှိသော အိုးပုတ်ပွဲသို့ လာရောက်လည်ပတ်သူ၊ အိုးပုတ်နှင့် မြေနှင့်ပြုလုပ်သော အိမ်သုံးပစ္စည်း၀ယ်ယူသူများနှင့် စည်ကားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ
Aug 25,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမ်းမြို့၌ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များတွေဆုံ
Aug 25,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 25,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး မိုင်းဖြတ်မြို့နယ်၌ စုပေါင်းမြေဩဇာ ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေး
Aug 25,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ၊ နမ့်ကုန်း ကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာရှိ ကွင်းအမှတ်(၂၆)၊ တောင်သူ ဦးအောင်မျိုး၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း၌ စုပေါင်း မြေဩဇာ ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Aug 25,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် တပ်မတော်ရဟတ်ယာဥ်မှ သယ်ဆောင်လာသော အခြေခံစားသောက်ကုန်များအား ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိနေထိုင်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ
Aug 25,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်သည်။
ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Aug 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တပေတမော့ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက Wilmar Myanmar Riceland Company Limited, Resources Group Trading Company Limited နှင့် Wilmar Chemical Indonesia Company Limited တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။