သနပ်ပင်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ Box Culvert လုပ်ငန်းများ ဆောင်ရွက်
Aug 25,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃.၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သနပ်ပင်မြို့နယ်အား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များအား ကွန်ကရစ်လမ်းခင်းခြင်း၊ တံတား( Box Culvert) လုပ်ငန်းတို့အား အသစ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သနပ်ပင်မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူရထံမှ သိရသည်။