သတင်းများ

သံတွဲမြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 27,2023
သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွါးလာစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁း၃၀ နာရီက သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အခြေခံတိုက်ကွမ်ဒို သင်တန်း အမှတ်စဉ် (၂) ( အခမဲ့ ) ဖွင့်လှစ်
Aug 27,2023
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စနေ့၊ တနင်္ဂနွေ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  အခြေခံတိုက်ကွမ်ဒိုသင်တန်းအမှတ်စဉ်(၂)( အခမဲ့ ) ကို ယနေ့၊ နံနက် ၈ နာရီ က ဖွင့်လှစ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ နောင်တုံကန်နှင့်ဟော်နန်းအား ကွင်းဆင်းကြည့်ရှု
Aug 27,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၅)ရက်နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ နောင်တုံကန်နှင့် ကျိုင်းတုံဟော်နန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ မိုးစပါး SRI နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကွင်းပြပွဲ ပြုလုပ်
Aug 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ဘူတာကျေးရွာ ကွင်းအမှတ် ၁၉၉၉ တောင်သူ ဒေါ်ငြိမ်း၏လယ်၌ ယနေ့နံနက်ပိုင်းက မိုးစပါး SRIစနစ် ပျိုးသက်နု ကောက်ကွက်ကြဲစနစ်(သို့) စပါးအစွမ်းဖွင့် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်
Aug 27,2023
ကရင်ပြည်နယ်၊  မြဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသအတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း။ မျိုးသန့်များ ပြန့်ပွားစေရေးအတွက် နွားမေထုန်မဲ့ သားစပ်သင်တန်းကို ဩဂုတ်၂၅ ရက်က ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် MSME လုပ်ငန်းနှစ်ခုကို ငွေကျပ်သိန်း ၆၀၀ ထုတ်ချေးပေးထား
Aug 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် MSME လုပ်ငန်းနှစ်ခုကို ငွေကျပ်သိန်း ၆၀၀ ထုတ်ချေးပေးထားကြောင်း မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
နောင်ချိုမြို့နယ်၌ တိရစ္ဆာန်ဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်
Aug 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆမ္မဆယ်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာအုပ်စုများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရာသီတုပ်ကွေးရောဂါ အသိပညာပေး‌ ဟောပြောပွဲ ဆောင်ရွက်
Aug 27,2023
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး‌ ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်တွင် ဟောပြောခဲ့ကြောင်း သိရသည်။