သတင်းများ

လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
Sep 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကို ဝါခေါင်လရောက်တိုင်း နှစ်စဉ်ကျင်းပသော ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွမ်းဘီကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါခေါင်လပြည့်နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကား
Sep 01,2023
ဝါခေါင်လပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့ အာနန္ဒာဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံကသိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၁  ရက်၊နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေ ပြန်လည်တက်လာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာစာရေး ဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်
Sep 01,2023
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ ၃၀ အချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 01,2023
စက်တင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၆ နာရီက မဟာမြတ်မုနိဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ ကျောင်းပိတ်ရက်တွင် ပျော်ရွှင်စေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။