ကလောမြို့နယ်၌ ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်းသင်တန်းဖွင့်လှစ်
Sep 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် သီခေါင်ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် ထောပတ်သီး အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လက်ပံပင်ကျေးရွာ SMU ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။