သတင်းများ

ဖျာပုံမြို့ အခွန်လွတ်စျေးတွင် ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာ(၄၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ၊အမှတ် (၁၂)ရပ်ကွက်၊ အခွန်လွတ်စျေးတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်ကအဆိုပါအခွန် လွတ်စျေးတွင်ရောင်းချ ပေးလျက်ရှိကြသည်။
လားရှိုးမြို့၊ အောင်ချမ်းသာကျောင်းတိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အောင်ချမ်းသာကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Sep 01,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Sep 01,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်နန္ဒာစရိယအား ဂုဏ်ပြုပူဇော်ပွဲနှင့် ၂၀၂၃ - ခုနှစ်၊ ပညာသင်နှစ် စာအောင်သံဃာ ဂုဏ်ပြုဆုပေးပွဲအခမ်းအနားအား ယမန်နေ့က ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ကြည်ညို ပူဇော်သည်။
မိုင်းခတ်မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးများအား ရုပ်ပြပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့်ဂိမ်းကစားပြိုင်ပွဲများပြုလုပ်ပေး
Sep 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ကလေးများအတွက်ဂိမ်းကစားခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကိုယ်စားပြုသည့် အသင်းအဖွဲ့များဖြစ်စေရန် ဆောင်ရွက်
Sep 01,2023
နေပြည်တော် ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများထံသို့ ယမန်နေ့တွင် အသင်းချုပ်၌ လာရောက်တွေ့ဆုံခဲ့သည်။