သတင်းများ

နာဂဒေသ၊လဟယ်မြို့နယ်အတွင်းရှိကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံမူလတန်း ကျောင်းများ၊အလယ်တန်းကျောင်းများ၊အထက်တန်းကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လျက်ရှိကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်တွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို ယနေ့မှ စ၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 01,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဥပုသ်တော်ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)၌ ကျင်းပသည်။
မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ များကို မေလ ၂၄ ရက်မှ စတင်၍ ကျောင်းများ စတင် အပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မန့်ဟီးရိုးမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများကို ကိုဗစ် -၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့နံနက်(၈) နာရီအချိန်တွင် အခြေခံပညာအထက် တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ အုတ်ဖုတ်ရာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္ တိရှမ်းစုကျေးရွာအုပ်စု၊ မြေတံတားကျေးရွာတွင် ယမန်နေ့ ည( ၁၀)နာရီခွဲ အချိန်ကအုတ်ဖုတ်ရာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jun 01,2021
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း၏ ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ စာအုပ်အားစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။