မိုင်းလုံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များ ကျောင်းပိတ်ရက်တွင် ပျော်ရွှင်စေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား လစဉ်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကိုဆောင်ရွက်ပေးရာ ယနေ့ကလေးများ၏ အားလပ်ရက်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်ပေးပြီး ယခုလိုဆောင်ရွက်ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ ဉာဏရည်ထက်မြက်စေရန်၊ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ဉာဏစမ်းပဟေဠိစာအုပ်များကို မိနစ်(၃၀)ခန့် ဖတ်မှတ်စေပြီးအဖွဲ့(၂)ဖွဲ့ခွဲ၍ ယှဉ်ပြိုင်စေခြင်းဖြင့် ပြိုင်ပွဲကိုဆောင်ရွက်ရာ ပြိုင်ပွဲ၀င်ကလေးများကို မုန့်နှင့် အချိုရည်များကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)