ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်

ညောင်ဦး ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၁  ရက်၊နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေ ပြန်လည်တက်လာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေ သေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၆၈ စင်တီမီတာလိုကြောင်း ယနေ့နေ့လယ် ဧရာဝတီမြစ်ရေ တိုင်းထွာချက်အရ ၂၀၅၂ စင်တီမီတာရှိနေကာ တဖြည်းဖြည်းပြန်တက်နေပြီး  ဧရာဝတီမြစ်ရေစိုးရိမ် ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု/ကျဆင်းမှုအခြေ အနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအားတစ်ရက် သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း