သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဆင်းပွဲကျင်းပ
Sep 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှုလယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံး စက်ကိရိယာများတွင် ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။