ပူတာအိုမြို့၌ ဘောလုံးဒိုင်လူကြီးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Sep 02,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စည်းကမ်းပြည့်ဝ၍ အရည်အချင်းပြည့်မီသော ဒိုင်လူကြီး ကောင်းများ ပေါ်ထွက်လာပြီး မြို့နယ်အတွင်း ကျင်းပသော ဘောလုံးပွဲများတွင် စည်းကမ်း သေသပ်စွာ ကျင်းပနိုင်ရန်နှင့် မြို့နယ်အတွင်း ပြိုင်ပွဲများမှ အဆင့်အတန်းမြင့်သော ပြိုင်ပွဲများအထိ သွားရောက် တာဝန်ထမ်းဆောင်နိုင်သော ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် Putao Old Star အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင် လူကြီးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပသည်။