ထားဝယ် ဩဂုတ် ၃၀
စက်တင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ (အလယ်တန်းနှင့်အထက်တန်း)အဆင့် ကျောင်းသား/သူ (၁၂၅)ဦးတို့က လေထုသန့်ရှင်းဖို့ လက်တွဲ ပူးပေါင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးမှူး ဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)