ကျိုင်းတုံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၆ နာရီက မဟာမြတ်မုနိဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်ရောက်ကြသည်။
ဆွမ်းလောင်လှူပွဲတွင် ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များအား စုပေါင်းဆွမ်းလောင်လှူခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)