ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Aug 31,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၈)ရက် ညနေပိုင်းက လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ သွားရောက်၍ လားရှိုးမြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တတပုညနန္ဒ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုနှင့် နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။