မြစ်သားမြို့နယ် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြစ်သား သြဂုတ်  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘက်စုံသားဖွား ဆရာမဒေါ်ဝင်းဌေးမှ စွန့်ပစ်တစ်ခါသုံးပါးစပ်နှင့်နှာခေါင်းစည်းများ၊ ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မိုးရာသီတွင် ဖျားနားခြင်းကင်းဝေးစေရေးလိုက်နာရမည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ (အ.ထ.က)မြစ်သား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာမှ ကောင်းမြတ်မင်္ဂလာ ဝါဆိုလအခါခါခေါင်းစဉ်ဖြင့် အကျယ် တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အသေးစားအလတ်စားစက်မှု၊ လက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်းရုံးရေးကော်မတီနှင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများ၊ (အ.ထ.က)မြစ်သား ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲများကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)