သတင်းများ

ဥတ္တရသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်
Sep 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက်၊ ရာဇသင်္ဂဟလမ်းမကြီးတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Sep 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများနှင့် မူကြိုကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သိန္နီမြို့တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က စတင်ကာ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
မြောက်ဦးမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 01,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောက်ရွက်ခဲ့သည်။
စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 01,2023
ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ယနေ့ မွန်းလွဲပိုင်းက အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိရာ အမှတ်(၅)ရပ်ကွက်နယ်မြေရှိ ရွှေမောင်း “အောင်ကမ္ဘာ” ဘိုးဘွာရိပ်သာလမ်းအား ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။