(၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများခင်းကျင်း ပြသ
Nov 09,2023
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ရိုးရာယဉ်ကျေးမှုများ၊ စာပေများ၊ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်သူများလေ့လာနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ပြခန်းများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀)ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။