သတင်းများ

အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစသည့် စာအုပ်များငှားရမ်းပေး
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသစသည့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးသည်။
တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) မြန်အောင်မြို့နယ် အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရန်ရောက်ရှိ
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သို့ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းမှတဆင့် ယမန်နေ့ ညနေက မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်၊ ဧရာဝတီကမ်းနားဆိပ်သို့ အခမဲ့ကျန်း မာရေးစောင့်ရှောက်မှု ဆောင်ရွက်ရန် ရောက်ရှိခဲ့သည်။
သထုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Nov 09,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျိုက်မရောမြို့နယ်၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Nov 09,2023
မွန်ပြည်နယ်၊ ကျိူက်မရောမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်သည်။
တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာ   အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပ
Nov 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ပိုမိုဖွံ့ဖြိုးရေးအတွက် ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လူငယ်စကားဝိုင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၊ “အမြတ်ဆုံး” ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ(၃၈၇.၂)သိန်းအား (ပဉ္စမအကြိမ်)ထုတ်ချေးခြင်း အခမ်းအနား ကျင်းပ
Nov 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွန်ဟောင်းကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အေးချမ်းသာယာသည့် ရွှေတြိဂံကရုဏာ ဘေးမဲ့တော
Nov 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျကကျေးရွာအနီးရှိ ရွှေတြိဂံကရုဏာဘေးမဲ့တောကို ဒေသအတွင်းတိရစ္ဆာန်များနှင့် သဘာဝတောတောင်သစ်ပင်များ ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်စေရေးနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် ဒေသခံ ဦးအားဖာနှင့် ဇနီး ဒေါ်နန်းခမ်းလီတို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် မိုင်းဖုန်းဆရာတော်ဘုရားနှင့် ထိုင်ဝမ်ဆရာတော်တို့မှ ဦးဆောင်ဖွင့်လှစ်ခဲ့ရာ ဧက ၃၈၀  ကျယ်ဝန်း၍  တိရစ္ဆာန်မျိုးစုံ ဘေးမဲ့ထားရှိကြောင်းသိရသည်။  
ပုဗ္ဗသီရိမြို့နယ် အမှတ်( ၂၀) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။