သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Nov 09,2023
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အ.လက လ(၃)တွင် ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ တက်ရောက်အားပေး
Nov 09,2023
မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
Nov 09,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်ခန်းမ)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဟိုင်းကြီးကျွန်းမြို့၌ ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ဆင်းသုခ စပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကညင်ချောင်း ကျေးရွာအုပ်စု  ကွင်းအမှတ်(၁၉၀၇) ကတက်ကုန်းကွင်း၊ ဦးပိုင်အမှတ်(၁၈)၊ တောင်သူ ဦးအောင်မြင့်လယ်နှင့် ဦးပိုင်အမှတ်(၂၂/၂)တောင်သူ ဦးကျော်သောင်းလယ်တို့၌ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Nov 09,2023
ခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club)အဖွဲ့များပူးပေါင်း၍  စာရေးဆရာဒေါက်တာမားကပ်စ် ရေးသားသည့် "ဆယ်တန်းမှ မအောင်ရင် ဘယ်နှတန်းမှ မအောင်သလိုဘဲ" စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
Nov 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က နောင်တောင်းသီလရှင်ကျောင်းတွင် ပြုလုပ်သည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အ.ထ.က (၁၅) တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းဘိုးရာဇာခန်းမတွင် ပြုလုပ်သည်။
နတ်တလင်းမြို့၌ တတိယအကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ တတိယအကြိမ်မြောက်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က သာဇီရပ်ကွက်၊ အတွင်းသာစည်လမ်း မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ရှိသည့် ဇေယျဝတီပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးဇဋိလနှင့်ပင့်သံဃာ(၂၅)ပါး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။