ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
Jan 11,2024
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် ဦးစီးမှူးရုံးတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးနှင့် ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များကို သဘာ၀ဘေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်စေရန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ “မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း” ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။