မိုင်းနောင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ နားကန်းကျေးရွာအုပ်စု 50 KVA ထရန်စဖော်မာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါ ထရန်စဖော်မာတည်ရှိရာနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်မြို့ လျှပ်စစ်မှူးဦးထွန်းထွန်းနိုင်က နားကန်းကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ လျှပ်စစ်မီးအဆင်ပြေပြေဖြင့် အန္တရာယ်ကင်းစွာသုံးစွဲအသုံးပြုနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သော အချက်များအား ရှင်းလင်းကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက (ရှမ်းဘာသာ)ဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းနောင်မြို့ လျှပ်စစ်ရုံးဝန်ထမ်းများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ထုတ်ဝေသော လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပြီး ထရန်စဖော်မာဖွင့်ပွဲနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးခြင်းအပေါ် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲသို့တက်ရောက်လာသော ဌာနဆိုင်ရာများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)