မြကန်တမံရေဝင်ရောက်စေရေးနှင့် ချောင်းအနီးဝန်းကျင်ရှိ ကျေးရွာများ ရေကြီးနှစ်မြုပ်မှုမှ ကာကွယ်စေရေး ကွင်းဆင်းစစ်ဆေး
Jan 11,2024
စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ(၈)ရက်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြကန်တမံရေဝင်ရောက်စေရေးနှင့် ချောင်းအနီးဝန်းကျင်ရှိ ကျေးရွာများ ရေကြီးနှစ်မြုပ်မှုမှ ကာကွယ်စေသည့် ဘောလုံးကျွန်းချောင်း (တောင်ပုံဝချောင်း)ပေါ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ကျောက်ဖြည့်ရေလွှဲတန်းတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ ဇန်နဝါရီ (၉)ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသနယ်မြေအတွင်းရှိ ရှေးဟောင်းစေတီဘုရားပုထိုးများအား ရေကြီးရေဝပ်မှုထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှေးဟောင်းကန်များအား ပြုပြင်ပြီးစီးမှုအခြေအနေနှင့် လောကနန္ဒာမြစ်ရေတင်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။