ကျိုက်မရော ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် စပါးဧက ၅၆၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် ဒေသခံလယ်သမားများက ချောင်းပိတ် မြောင်းပိတ်နှင့် အတ္တရံမြစ်ရေတင်စီမံကိန်းမှ ရေများကို အသုံးပြူကာ မြို့နယ်တွင်း မိုးစပါးသီးနှံ ၅၃၂၈၀ ဧကလျာထား စိုက်ပျိူးခဲ့ရာ သတ်မှတ်လျားထားဧကထက် ၂၀၀၀ ကျော်လွန် စိုက်ပျိုးနိုင်ခဲ့သည်။ ကျိုက်မရောမြိုနယ်တွင် အဓိကအားဖြင့် စိုက်ပျိုးသည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးခဲ့ကြရာ ဒေသဝမ်းစာဖူလုံမှုရရှိကြောင်း သိရသည်။
ယခုအခါ တောင်သူများက ရိတ်သိမ်းပြီး စပါးကောက်လှိူင်းစည်းများကို လူအင်အားကုန် အချိန်ကုန်လည်းသက်သာစေရန်အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာအဖြစ်သို့ နည်းပညာအကူညီများရယူကာ ခေတ်မီရိတ်သိမ်းခြွေ့လှေ့စက်များ ငှားရမ်းကာ စပါးမျာခြွေလှေ့လျက်ရှိပြီး ရရှိလာသော စပါးများကို စျေးကောင်းရရှိစေရန်အတွက် အချိန်မီတင်ပို့ရောင်းချနိုင်ပြီးဖြစ်ကြောင်း စပါးခြွေလေ့စက် ငှားရမ်းရာတွင် ဧကဖြင့် မပေးရပဲ စပါးတင်းရေဖြင့်သာ ပေးရကြောင်း စပါးတစ်တင်းလျှင် (၁၃ဝဝိ-/)ကျပ်နှုန်းဖြင့် စပါးဆယ်တင်းကို တစ်သောင်းသုံးထောင်ကျပ်ဖြင့် စပါးတင်းတစ်ရာလျှင် ၁၃၀၀၀၀ိ/ကျပ်ပေးရကြောင်း စပါးအထွက်နှုန်း ကတော့ တစ်ဧက တင်း၆၅တင်းမှ ၇၀တင်းအထိထွက်ရှိကြောင်း လယ်ဧက ၁၂ ဧက စိုက်ပျိုးထားသူ နတ်စမ်းကွင်းမှ တောင်သူဦးလစ်လစ်ထံမှ သိရသည်။
မိချို (ကျိုက်မရော)