သတင်းများ

မြဝတီမြို အ.ထ.က(၃)၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Nov 09,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် သိရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောသည်။
မိုးနဲမြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန်လာပွင့် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ ရရှိနေ
Nov 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင်  မုန်လာပွင့် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း တောင်သူဦး‌ဇော်ဝင်းမောင်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Nov 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ရွှေကြာရုံဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြ သည်။
ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Nov 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အထက(၃)ကျောင်း၌ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မင်းဘူးမြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆဌမအကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
Nov 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် GW-11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 09,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ ဧက(၁၀၀) တင်း(၁၀၀)ကျော်ထွက်ရှိရေး ၂၀၂၃ ခုနှစ် GW-11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ ကွင်းအမှတ်(၅၉၆)၊ ဦးပိုင်-၃ ရှိ တောင်သူ ဦးမောင်အေးကျော်၏ လယ်မြေ၌ကျင်းပသည်။
ညောင်ဦးခရိုင်တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၃၁၀၁၅ ဦး ဆောင်ရွက်ပြီးစီး
Nov 09,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် နိုဝင်ဘာ ၉ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၃၁၀၁၅) ဦးထိ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Nov 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများအား စာအုပ်စာပေများလက်လှမ်းမီစွာငှါးရမ်းဖတ်ရှုနိုင်‌စေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက်ရည်ရွယ်၍ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။