မိုင်းယောင်းမြို့နယ်၊ ဝမ်ဆီလီကျေးရွာဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှု အတွက် ရေစက်ချအလှူမင်္ဂလာပွဲကျင်းပ

မိုင်းယု ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆီလီကျေးရွာ ဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှုအတွက် ရေစက်ချအလှူ မင်္ဂလာပွဲကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ အဆိုပါ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ ဝမ်ဆီလီကျေးရွာဘုန်ကြီးကျောင်းရှိ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့ကို အနယ်နယ်အရပ်ရပ်မှ စုပေါင်းလှူဒါန်းကာ တည်ဆောက်ထားခဲ့ကြပြီး ယခုအခါ ဆောက်လုပ်ပြီးစီးမှုတို့အတွက် အလှူရှင်များနှင့်အတူ စုပေါင်းရေစက်ချအလှူ မင်္ဂလာပွဲကို ငါးရက်တိုင်တိုင် ပြုလုပ်လျက်ရှိကြောင်းနှင့် ယင်းပွဲတော်အတွင်း ပွဲလည်ပတ်သူများအား ဝမ်ဆီလီကျေးရွာတိုင်းရင်းသားများက ရိုးရာအစားအသောက်တို့ဖြင့် ဧည့်ခံခြင်း၊ လမုန်းအကများဖြင့် ဖျော်ဖြေကပြကြခြင်းတို့ဖြင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်